၁၈ ရာစု ဂျပန်နိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ အဓိကအာဏာကို Shogun လို့ခေါ်တဲ့ Tokugawa မျိုးနွယ် စစ်သူကြီးတွေက ထိန်းချုပ်ထားပါတယ်။ သက္ကရာဇ် ၁၇၀၁ ခုနှစ် ဂျပန်မှာတော့ Tokugawa Tsunayoshi က Shogun အဖြစ် အုပ်ချုပ်နေပါတယ်။ သူဟာ စစ်သည်တော်မျိုးနွယ် ဆာမူရိုင်းတွေ အားလုံးရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဆာမူရိုင်းတွေဟာ Daimyo လို့ခေါ်တဲ့ နယ်ပိုင် ဆာမူရိုင်းကြီးတွေဆီမှာ သစ္စာခံအမှုထမ်းရပြီး သူတို့ရဲ့ ခေါင်းဆောင်တွေဟာ Tokugawa ရဲ့ အမိန့်ကို နာခံကြရပါတယ်။
Kai ဟာ အနောက်တိုင်းသင်္ဘောသားတစ်ယောက်နဲ့ ဂျပန်အမျိုးသမီးတစ်ယောက်ရဲ့ သားဖြစ်ပြီး မကောင်းဆိုးဝါး တစ်ပိုင်းဖြစ်တာမို့ မွေးဖွားပြီးကတည်းက စွန့်ပစ်ခြင်း ခံခဲ့ရပါတယ်။ အဲဒီကလေးတွေကို ထိန်းသိမ်းပြီး မကောင်းဆိုးဝါးတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ လေ့ကျင့်ပေးတဲ့ ကျောင်းတစ်ခုက Kai ကို စောင့်ရှောက်သင်ကြားပေးပါတယ်။ ဒါပေမယ့် မကောင်းဆိုးဝါးတွေနဲ့ မနေလိုတဲ့ Kai ဟာ ကျောင်းက ထွက်ပြေးလွတ်မြောက်သွားပြီး Ako နယ်ထဲကို ရောက်ရှိသွားပါတယ်။ Ako နယ်ထဲက ဆာမူရိုင်းတွေဟာ မကောင်းဆိုးဝါး အမှတ်အသားပါတဲ့ Kai ကို သတ်ပစ်ချင်ပေမယ့် သူတို့ရဲ့ခေါင်းဆောင် Asano က မသတ်ဖို့ တားမြစ်တာကြောင့် Kai ဟာ Asano မိသားစုရဲ့ အလုပ်သမား ဖြစ်လာခဲ့ပါတယ်။
Asano မိသားစုရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်းလာတဲ့ Kai ဟာ မင်းသမီး Asano Mika ရဲ့ အရေးပေးမှုကို ခံရသလို အခြားဆာမူရိုင်းတွေရဲ့ မုန်းတီးခြင်းကိုလည်း ခံရပါတယ်။ Asano မိသားစု အုပ်ချုပ်နေတဲ့ Ako နယ်ကို Kira အမည်ရှိတဲ့ Daimyo က မျက်စိကျနေပါတယ်။ Ako နယ်ဟာ Shogun က ကြီးမှူးကျင်းပတဲ့ ဆာမူရိုင်းပြိုင်ပွဲကို လက်ခံကျင်းပဖို့ ရှိပါတယ်။ ဆာမူရိုင်းတွေနဲ့ Daimyo တွေအတွက် ဂုဏ်သိက္ခာအရ အလွန်အရေးကြီးတဲ့ ပြိုင်ပွဲဖြစ်တာမို့ Shogun ကြီး Tokugawa ကိုယ်တိုင် လာရောက်ကြည့်ရှုပါတယ်။ ဒါပေမယ့် Kira က သူ့ရဲ့ မှော်ဆရာမ Mizuki ရဲ့ အစွမ်းနဲ့ Ako နယ်က ဆာမူရိုင်းဝင်မပြိုင်နိုင်အောင် လုပ်လိုက်တာကြောင့် Kai က ၀င်ပြိုင်လိုက်ရပါတယ်။ ဒါပေမယ့် ပြိုင်ပွဲမှာ Kai ရဲ့ ခေါင်းဆောင်းကျွတ်သွားပြီး သူဆာမူရိုင်းမဟုတ်မှန်း Shogun ကြီးက သိသွားပါတယ်။ ဒါကြောင့် Kai လည်း အပြစ်ပေးခံရပါတယ်။
အဲဒီညမှာပဲ မှော်ဆရာမရဲ့ လှည့်စားမှုကြောင့် Lord Asano ဟာ ဧည့်သည် Kira ကို အိပ်နေတုန်း ဓားနဲ့ဝင်ခုတ်ပါတယ်။ သို့ပေမယ့် ကြိုတင်စီစဉ်ထားတာမို့ Kira က လွတ်မြောက်သွားပြီး Shogun က တွေ့သွားပါတယ်။ ရှက်ဖွယ်အဖြစ်အပျက်ကြောင့် Lord Asano ဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ပြစ်ဒဏ်ချမှတ်ခံရပါတယ်။ ဒါ့အပြင် Ako နယ်ကိုလည်း Lord Kira ကို လွှဲပြောင်းပေးလိုက်တာကြောင့် Oishi ခေါင်းဆောင်တဲ့ Ako ဆာမူရိုင်းတွေဟာ အမှုထမ်းအဖြစ်ကနေ နှုတ်ထွက်ကုန်ကြပါတယ်။ Tokugawa ဟာ နောင်တစ်ချိန် ရန်မီးပွားလာမှာ စိုးတာကြောင့် နှုတ်ထွက်သွားတဲ့ ဆာမူရိုင်းတွေကို အရှင်သခင်မရှိတဲ့ စစ်သည်တော် (ronin) အဖြစ် သတ်မှတ်ပြီး လက်စားချေခွင့် ပိတ်ပင်ခဲ့ပါတယ်။ Ako နယ်ရဲ့ အရှင်သခင် ဖြစ်လာတဲ့ Kira ဟာ Oishi ကို ဖမ်းဆီးထားပြီး ကျန်တဲ့ ronin တွေကို Ako နယ်က နှင်ထုတ်ပစ်လိုက်ပါတယ်။ Kai ကိုတော့ အနောက်တိုင်းသား သင်္ဘောတွေဆီ ရောင်းစားခဲ့ပြီး မင်းသမီး Mika နဲ့ နောက်နှစ်မှာ လက်ထပ်ဖို့ စီစဉ်ခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ Oishi ဟာ Mika နဲ့ Kira တို့ရဲ့ မင်္ဂလာပွဲ မတိုင်ခင် လွတ်မြောက်လာပြီး Ronin အဖြစ် အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။ သူတို့ရဲ့ အရှင်သခင် Asano အတွက် ဘယ်လို လက်စားချေမလဲ။ မင်းသမီး Mika ကို ဘယ်လို ကယ်တင်မလဲ။ ဆာမူရိုင်းအဖြစ်က Ronin အဖြစ် ကျဆင်းသွားတဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာကို ဘယ်လို ပြန်ဆယ်မလဲ။ ဂုဏ်သိက္ခာအတွက် ဘာတွေ ပေးဆပ်ရမလဲ။ Kai ကရော ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်မလဲဆိုတာကိုတော့ ငွေရောင်ပိတ်ကားပြင်မှာ ဆက်လက်ရှုစားကြပါခင်ဗျာ။
မင်းသား Keanu Reeves ၊ Hiroyuki Sanada ၊ Tadanobu Asano နဲ့ မင်းသမီး Kou Shibaski ၊ Pacific Rim ထဲက မင်းသမီး Rinko Kikuchi တို့ ပါဝင်ထားတဲ့ 47 Ronin ဟာ ကျော်ကြားလှတဲ့ ဂျပန်ပုံပြင်တစ်ပုဒ်ကို အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ တကယ်ဖြစ်ပျက်ခဲ့တယ်လို့ အဆိုရှိပေမယ့် Shogun တွေရဲ့ ပိတ်ပင်မှုကြောင့် အသေးစိတ်သိရှိခွင့် မရခဲ့ဘူးလို့ ဆိုထားပါတယ်။ တိုက်ကွက်တွေနဲ့ ရုပ်မြင်အထူးပြုလုပ်ချက်တွေကို အကောင်းဆုံး ဖန်တီးထားပေမယ့် Tokugawa ခေတ် အ၀တ်အစားနဲ့ ဆာမူရိုင်းတွေရဲ့ ခန့်ညားမှုပိုင်းမှာ အတော်လေး အားနည်းနေတာကို တွေ့ရပါတယ်။ ဂျပန်ရဲ့ ယဉ်ကျေးမှုနဲ့ စိတ်ဓာတ်ခံယူချက်ကို မသိတဲ့သူတွေအတွက် ဇာတ်သိမ်းပိုင်းဟာ အီလည်လည်ကြီး ဖြစ်နေတာကို ခံစားရမှာပါ။ IMDB မှာ Rating 6.7 ရရှိထားပေမယ့် Rotten Tomatoes မှာတော့ Tomatometer 11 % ပဲ ရရှိထားပါတယ်။ ဂျပန်ရဲ့ ဓလေ့စရိုက်ကို နားမလည်တဲ့သူတွေ သုံးသပ်တာမို့ Tomatometer မှာ % နည်းသွားပေမယ့် ဂျပန်ဆာမူရိုင်းဇာတ်လမ်းတွေ နှစ်သက်တဲ့သူတွေအတွက်တော့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ကားပါ။ အမေရိကားမှာတော့ မအောင်မြင်ပဲ အရှုံးပေါ်တယ်လို့ သိရပါတယ်။
(mmmovieguide.com မှကူးယူဖော်ပြပါတယ်)
ဒီကားကActionကားလေးပါ သိပြီးဖြစ်ကြမှာပါ Onlineနဲ့ Torrent siteကြီးမှာ Top ဖြစ်နေတဲ့ကားပေါ့
မြန်မာစာတန်းထိုးလုပ်ပြီးတင်ထားပါတယ် videoကို
မူလအရည်အသွေးမပြက်အောင်လုပ်ထားလို့အကြည်အနေနဲ့ကြည့်ရမှာပါ စိတ်ဝင်စားတယ်ဆိုရင်ဒေါင်းလိုက်ပါ
ကြိုက်တယ်ဆိုရင်ရှယ်လိုက်ပေါ့ :)
အမျိုးအစား {Action/Adventure/Fantasy}
Release year {2013}
Movie Download
866.95Mb
http://adf.ly/1bi6rN
Credit to ko zin
ကွကိုယ်မြန်မာစာဖိုင်ပြန်ပြင်ရင်
ဒီဇာတ်ကားရဲ့မြန်မာစာဖိုင်ပါ
ဒီလင့်
Wednesday, June 29, 2016
47 ronin 2013မြန်မာစာတန်းထိုး
Sunday, June 12, 2016
Subscribe to:
Posts (Atom)