World War Z 2013 Full Movie
သမရိုးကျ Zombie ကားတွေလိုပါပဲ၊ ရောဂါပိုး ဖြစ်ပွားရာကနေစပြီး လူတွေ က အသားစား အသေကောင် (Zombie) တွေအဖြစ် ပြောင်းကုန်ပြီး Zombie ကပ်ဆိုက်ပါတယ်။ ဒီကားထဲမှာ ပရိတ်သတ်အချစ်တော် မင်းသားချော Brad Pitt က N.A.T.O နဲ့ U.N က ထိပ်တန်းအရာရှိဟောင်းတစ်ဦး ဖြစ်ပြီး ကပ်ဆိုက်လာတဲ့အချိန်မှာ လူအတော်များများက ကုန်းမြေကို စွန့်ခွာပြီး U.S.S.R လေယာဉ်တင်သင်္ဘောကြီးတွေ ပေါ်ကို ထွက်ပြေးကြပါတယ်။ အဲ့ဒီမှာ ရောဂါကုသဆေး ထုတ်နိုင်ဖို့အတွက် လူငယ်ဆရာဝန်တစ်ဦးနဲ့  Brad Pitt ကို ဒီ Zombie စဖြစ်တယ်လို့ ယူဆရတဲ့ Korea နိုင်ငံကို စေလွှတ်ပြီး သဲလွန်စရှာခိုင်းခဲ့ပါတယ်။ ဇာတ်လမ်းက Brad Pitt က သဲလွန်စ တစ်ခုပြီး တစ်ခု တွေပြီး တစ်နေရာပြီး တစ်နေရာ သွားပြီး ဖြစ်ပျက်ပုံ အဆင့်ဆင့်ကို စုံစမ်းရပါတယ်။ ဒီလိုစုံစမ်းရင်းနဲ့ Brad Pitt တစ်ယောက် Zombie ဖြစ်သွားမလား..၊
မိသားစုနဲ့ ရော ပြန်ဆုံနိုင်မှာလားဆိုတာ ဖန်သားပြင်ပေါ်မှာ ပဲကိုယ်တိုင် ကြည့်ရှုကြပါခင်ဗျာ။
Zombie ကား တွေကြည့်ဖူးရင် ဒီကားကလည်း တူတူပဲလို့ ထင်ရပေမယ့်၊ ဒီကားမှာ ထူးခြားတာက Fast Zombie တွေပါ။ Will Smith ရဲ့ I am Legend ကားထဲကလို Zombie တွေက အရမ်းမြန်ပါတယ်။ ဒီကားထဲက Zombie တွေက အလင်းရောင်ကိုတောင် မကြောက်ပါဘူး။ အဲ့ဒီအချက်က ကြည့်တဲ့သူတွေကို ပိုပြီး စိတ်လှုပ်ရှားခြောက်ခြားစေပါတယ်။ နောက်ပြီး Zombie တွေက အသံကြားရာကို လိုက်တတ်တာဖြစ်လို့ အသံလုပ်မိတာနဲ့ ၀ုန်းခနဲ ရောက်မှာပါ။
ဇာတ်လမ်းက ဟာကွက် တွေရှိပေမယ့် Fast Zombie တွေရယ် Brad Pitt ရဲ့ သရုပ်ဆောင်ချက်တွေရယ်အောက်မှာ ဟာကွက်တွေကို သတိတောင်မထားမိပါဘူး။ မူရင်း ဇာတ်လမ်း (စာအုပ်ထွက်ထားတာရှိပါတယ်) လောက်မကောင်းပေမယ့် Resident Evil ဇာတ်လမ်းတွဲတွေထက်အများကြီး သာတာကြောင့် Zombie ဇာတ်လမ်း ပရိတ်သတ်တွေ အတွက်ကတော့ ကြည့်ကိုကြည့်သင့်တဲ့ကားတစ်ကားပါ။
Rated - PG13 ဖြစ်ပြီး (no sex, no nudity ပါ) Horror ကားဖြစ်လို့ ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေနဲ့ သွေးထွက်သံယိုတော့ များပါတယ်။ ကလေးတွေ မိဘနဲ့အတူတူ ကြည့်သင့်ပါတယ်။ မိသားစုကြည့်ဖို့ အဆင်ပြေပါတယ်။ ဇာတ်ကားကောင်းတစ်ကားပါ။
(ရုပ်ရှင်မိတ်ဆက်မှကူးယူဖော်ပြတာဖြစ်ပါတယ်)
အဟောင်းလေးပါပဲ မကြည့်ရသေးတဲ့သူတွေကြည့်လို့ရအောင်တင်ပေးလိုက်တာပါ
Imdbမှာ rating 7.1ရထားတဲ့ဇာတ်ကားလေးပေါ့
ကြည့်မယ်ဆိုရင်အောက်ကြည့်နိုင်ပါပြီ
Move download 969mb
http://adf.ly/1S03YF
Credit ko zin
Saturday, July 2, 2016
World zwar 2013 မြန်မာစာတန်းထိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment